17.12.09

၂၅။ ယုတ်မာသောသူတို့ကို အောင်ရာအောင်ကြောင်း တရာလေးပါး


25. Four rules for defeating the inferior

In the matter of defeating the inferior, the Dhammapada has

ယုတ်မာသောသူတို့ကို အောင်ရာအောင်ကြောင်းကိုကား -ဤသို့ ဟောတော်မူ၏။

That is to say: You may defeat an angry man by not answering his anger with yours, but with forgiveness.

ဒေါသအမျက်ထွက်နေသောသူကို အမျက်တုံ့ပြန်၍မထွက် သည်းခံခြင်းဖြင့် အောင်ရာ ၏။(အသုရာနတ်မင်းကို သိကြားမင်း ဆိုသောစကားနှင့် ဤစကားညီညွတ် သည်။)


You may defeat one who is of no standing by showing your own standing.

သူတော်မဟုတ် ယုတ်မာသူကို သူတော်ကောင်းအဖြစ်ဖြင့် အောင်ရာ၏။

You may defeat one who is miserly and unwilling to give by your own generosity.

မပေးကမ်းလို ၀န်တိုစဉ်းလဲသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။

You may defeat the liar by your own truth.

မဟုတ်မလျား မုသားပြောတတ်သူကို အမှန်အကန်ပြောဆိုခြင်း သစ္စာတရားဖြင့် အောင်ရာ၏။

To defeat such people as these in these ways is a victory good in worlds, our present world and the next.

ဤဆိုခဲ့ပြီးသောသူတို့ကို ဤဆိုခဲ့ပြီးသည့်အတိုင်း အောင်မြင်ခြင်းသည်ကား ပစ္စုပ္ပန် တမလွန် နှစ်ပါးသောလောက၌ပင် ကောင်းသောအောင်မြင်ခြင်းဖြစ်၏။

It is a victory gratifying to the Lord and the virtuous.

ဘုရားအစရှိသော သူတော်ကောင်းတို့ ကြိုက်နှစ်သက်သော အောင်မြင်ခြင်းဖြစ်၏။

It is right to remember these four modes of gaining the victory all one's life.

ထို့ကြောင့် ဤအောင်မြင်ကြောင်းနည်းလမ်းကောင်း လေးမျိုးကို အသက်ထက်ဆုံး မှတ်သားအပ်သတည်း။

ကျမ်းကိုး ---
ဓမ္မပဒပါဠိ၊ ၁၇.ကောဓ၀ဂ္ဂ၊ ဂါထာ-၂၂၃ နှာ-၄၆
၁.ဇာတက၊ ဒုကနိပါတ၊ ၁၅၁.ရာဇောဝါဒဇာတက၊ နှာ-၁-၃၆

အလျဉ်းသင့်ရာပို့စ်များ