26.1.10

(၂) ဒါနဥပါယ်


(2). The device of giving away (Dāna)

The dāna upāya also has five separate modes, described in the Kamandaki Nīti and in the Abhidhanappadipika commentary as follows:

´ဒါန´ဥပါယ်လည်း ငါးပါးအပြားရှိ၏ဟု ကာမန္ဒကီနီတိကျမ်း နှင့် အဘိဓါန်ဋီကာ တို့တွင် အောက်ပါအတိုင်း ဆို၏။

That is to say: Relinquishing or handing over whatever has been won, cities or wealth, great, medium or small; the making of a return gift; giving praise to one who wishes to exchange something of yours for something of his, saying that you would be delighted to do it; giving away a special, novel and unique material for use and accepting whatever he who wants it has brought; releasing a debt that should be paid - these are the five modes of the dāna upāya.


အယုတ်၊အလတ်၊အမြတ်ဖြစ်သော ရောက်ပြီးရပြီးသော မြို့ရွာ၊ ဥစ္စာကိုစွန့် လွှတ်ပေးကမ်းခြင်းလည်းကောင်း၊ ထိုမှတစ်ပါး တုံ့ပြန်၍ပေးခြင်းလည်းကောင်း၊ မိမိ၏ဥစ္စာပစ္စည်း တစ်စုံတစ်ခုကိုယူသော သူအား သင် အခုလို လက်ခံယူငင် သည်ကို ငါဝမ်းမြောက်ပါ၏ဟု ချီးမွမ်းခြင်းလည်းကောင်း၊ မဖြစ်မပေါ်ဘူးသော အထူးအဆန်း အသစ်ဖြစ်သော အသုံးအဆောင် အထည်အလိပ်တစ်ခုခုကို လက် ဆောင်ပေးခြင်းလည်းကောင်း၊ ပေးလိုသူ ကိုယ်တိုင် ယူစေခြင်းလည်းကောင်း၊ ပေးထိုက်သောကြွေးမြီကို လျှော်ပစ်ခြင်းလည်းကောင်း၊ ဤသို့ ´ဒါန´ ဥပါယ်ကို ငါးပါး အပြားရှိ၏ဟု သိအပ်၏။

This upāya is to be used if there is an enemy of equal power who intends to attack you; or if there is one of greater power.

အင်အားတူလျှက် လိုချင်မက်မောတတ်သော ရန်သူကိုလည်းကောင်း၊ ကိုယ့်ထက်အင်အားကြီးသော ရန်သူကို လည်းကောင်း၊ ဤ´ဒါန´ဥပါယ်ဖြင့် အသုံးချအပ်၏။

Among the five modes, that of making an immediate grant of something and that of voluntarily granting something when a desire for it has been expressed - these two are particularly useful.

ဤငါးပါးတို့တွင် တစ်စုံတစ်ခုသောအထူးအဆန်းဝတ္ထုကို တိုက်ရိုက်ပေး ခြင်း၊ အထူးအဆန်း အသစ်ဖြစ်သော ၀တ္ထုကို ပေးလိုသောသူရှေ့၌ လိုချင်အောင် ပြသပြောဆိုပြီး ကိုယ်တိုင်ယူစေခြင်း၊ ဤနှစ်ပါးကို အင်္ဂါတစ်ခုဟု ယူမှတ်ရမည်။

ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ၊ ၂။ ဘူကဏ္ဍ၊ ၄။ စတုဗ္ဗဏ်ဏ၀ဂ္ဂ၊ နှာ-၂၄၃

အလျဉ်းသင့်ရာပို့စ်များ